နေခြည်ထွန်းသစ်ပါလို့
ရွှေရည်သွန်းပက်စီခြယ်…
ဘုန်းလှစ်ကယ်
အစဉ်မြဲသာသမို့
လက်ဝဲယာ ပုခုံးတစ်ဖက်ချက်မှာလ
သုံးပွင့်ကြယ်
လင်းလက်ဖြာ
ညွန်းလျက်
စာကဗျာသီပြန်တော့
ရည်သန်စိတ်အားမာန်
ဇွဲကိုရင်းလို့
ပြည်မြန်တစ်ခွင်
တပါးရန် နွှဲဖြိုခွင်း
အလင်းဖြန့်
ပြည့်အားအင်သစ်မို့
သမိုင်းကြောင်းမှာ ကမ္မည်းတွင်ရစ်
သြော်.. ချစ်ညီငယ် အပတ်စဉ် ငါးဆယ့်တစ်။
အတိတ်ကို တဖန် လွမ်းသမျှ
တမ်းတပါလိမ့်
စိန်ပန်းပြာ
ချယ်ရီလန်းပါလို့
မြေညီသွယ်
အမိမြေစခန်းမှသည်
အသိ အဆွေ
အကျွမ်းရယ်နှင့်
တစ်လမ်း တစ်နှယ်စီ
ရွက်လွှင့်
လက်ဆင့်ကမ်း
တာဝန်တစ်ယောက်တလက်ဝယ်
တွေးရက် ဆွေးရက်ရယ်နှင့်
(အခုတော့ဖြင့်……..)
အပေါင်းအသင်း
ဆွေသဟာတို့ရေ
ကျောင်းဆင်း လေးနှစ် ပြည့်လေပြီ..။
အမှတ်တရရယ်ဖြစ်ရပါဘိ
ဆောင်းနှင်းအလယ်
မြူနှယ်ရောယှက်
ကောင်းခြင်းငယ် ဇမ္ဘူဝယ်ထွန်းသစ်ပါတဲ့
ဆယ့်နှစ် ဆယ့်နှစ်
သုံးခုထပ် မြတ်လှသည်မို့
တပ်မအစဉ်လာ
ဆယ့်နှစ်ရပ်ရယ် ပေါင်းဖက်
မပြတ် ရင်လွှာ ကမ္မည်း
ထပ်လောင်းပါလို့
စစ်နည်းအတတ်ဗျူဟာ
အဖြာဖြာနှင့်
ပြည်မြန်မာ အဖျက်ရန်ပိုး
တိုက်စစ်ရယ်ထိုးလို့သာဆင်
အမျိုးဘာသာတွင် ကာကွယ်
သတိရယ်နှင့်
တို့မြန်မာသာ လာ
မထိလေနဲ့
ကမ္ဘာသိအောင် သတ္တိ
ထွန်းပြောင်ပြ
မြန်မာ့ဂုဏ်ရောင်
ဘယ်မညှိုးအောင်ပ
ပြည်အကျိုးဆောင်
ရည်ရွယ်စိတ်ထားရယ်နှင့်
ချစ်ညီငယ်တို့ရေ..
ပြည်သူ့က ဖွား ..
ပြည့်သူ့သားရယ်မို့
ပြည်သူကချစ်
…ပြည်လည်းချစ်သမို့
ပြည်ချစ် ပြည့်သား ပြည့်အားအင်မို့
မြေပြင် ရေပြင် ဝေဟင်
အောင်လံ မြူးဝင့်
ကျူးရင့်
မော်ကွန်းသမိုင်း တံခါးရယ်ဖွင့်လှစ်နိုင်ပါစေ..။
ချစ်ညီလေးတို့ရေ…
သည်အတွေးနော်
ဂုဏ်ပြုစကားရယ်နှင့်
ပြည်အရေးမျှော်
တက်နေအလားသို့ မြင့်မားတာဝန် ကျေပွန်နိုင်ပါစေ…။
၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်…
တစ်ယောက်တစ်လက် သုံးပွင့်ကြယ်အဆင့်မှသည်
ရာထူး
အဆင့်ဆင့်မြင့် ပြည်အကျိုးအတွက် ဆက်လက်ထမ်းရွက်နိုင်ပါစေ..။
ဂုဏ်ပြုခြင်းအမှတ်တရ-
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၂-၁၂-၂၀၁၂)
(ဆန္ဒပြည့်ဝပါစေ)