၁) ချစ်ထုံးရယ်မပြယ်
မေတ္တာဓာတ်လည်း သွန်းဆင့်ကြွယ်
သားချစ်သော မယ်မယ်။
၂) တုနှိုင်းရယ်မရ
ချစ်ခြင်များလည်း ၀န်းရံခ
မယ်မယ်ပေးတဲ့ ဘ၀။
၃) ကြင်နာဓာတ်လွှမ်းခြုံ
ရင်နှင့်ရင်း၍ ချစ်လိုက်ပုံ
ညွှန်းစာဖွဲ့ မကုန်..။
၎) ကြင်နာပန်းတို့ ဝေ
ရင်မှာ နွမ်းသမျှ လျော့ပြေ
မယ်မယ် ကိုယ်စိတ် ချမ်းမြေ့စေ...။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၃-၅-၂၀၁၂ အမေများနေ့ အမှတ်တရ--
ကမ္ဘာမှာရှိသော အမေများအားလုံး ထာဝစဉ် နေကောင်းကြပါစေ...။)
အမေများအတွက် အမှတ်တရ...။
0 comments:
Post a Comment