RSS

Saturday 4 February 2012

ကျနော်သိသော အချစ်













အချစ်တို့မည်သည်
အဆင်ပြေသည့်ခိုက်
ရိုက်ဆော်ကာသွင်း
နွေလေညှင်းအသွင်
တိုက်လိုက်သည့်ခဏ
တဒင်္ဂတွင်
လူ့စိတ်ဘ၀င်ကို
အစဉ်အေးချမ်း ရွှင်လန်းတက်ကြွစေ၏...။


အချစ်တို့မည်ကာ
ထိုနာမကား
အဆင်မပြေတဲ့အခါ
ဆော်သွင်း လေမှာ
ဖုန်သဲပါသည့်
ပမာနွေလေ
တမာသို့လည်း ခါး
လူ့စိတ်ပါးခို စိတ်တွေ ညိုစေ၏...။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၄-၂-၂၀၁၂)






0 comments:

Post a Comment