RSS

Tuesday, 25 September 2012

မျှော်ရင်း တမ်းတ ရသော တော်သလင်း လ















ပန်းယင်းမာ ပွင့်ဖြာလန်းဝေတော့
ထက်ကမ္ဘာ တစ်စခန်း တစ်မြေမှ
ချစ်စရာ့ မြန်ပြေ နန်းကိုဖြင့်
ကျွန်ုပ် ရွှမ်းမှာလေဗျ..
မှန်းဆမိချေပြီ…။

မျှော်ရက်တွေကြာရော့ပေါ့
လှော်တက်ကယ်နှင့်
ကွန်ယက်ခြယ် နဂါးလှလှေငယ်တို့
အများအားကျစေ  မာန်ချီသွင်းပါလို့
မြစ်မင်းငယ် နဒီတွင်းမှာလ
လှေပွဲသဘင်ခင်း..။

အဖော်မစုံသူအတွက်မှာဖြင့်
မျှော်ရုံမူ လွှဲလို့ပ
သရဲ တစ္ဆေတသင်းရယ်တို့
ကင်းလွတ်တဲ့လရယ်မို့
ကျွတ်ဘ၀ ရစေဖို့ရည်
ဆုတောင်းခြွေ အမျှတန်းဝေကြ
ခွန်းသရပ် ညရယ်နှင့်
မျှော်ရင်းတမိပါရဲ့
သြော်.. တော်သလင်းလ…။

  ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ၂၅- ၉-၂၀၁၂)
(တော်သလင်းလ ခွန်းသရပ်ညသို့ အမှတ်တရ)