RSS

Saturday 23 November 2013

အပြုံးယှဉ်ပြိုင် လတန်ဆောင်တိုင်

















မြူမှုန်ငယ်ခ၊ဆောင်းဝင်ညနှင့်
လှပစုံညီ၊နက္ခတ်စည်ချိန်
ကြည်လင်ပျံ့ခင်း၊တိမ်မှောင်ရှင်းပြီး
သက်ဆင်းနှင်းဆမ်း၊ ခ၀ဲပန်းနှင့်
ပွင့်လန်းထုံကြည်၊မယ်ဇလီပွင့်ကာ
ရာသီလည်းတင့်၊ ရနံ့လွှင့်၍
ထပ်ဆင့် ခြယ်မှုန်း၊ လတန်ဆောင်မုန်း။

အလှူရေစက်၊ မကွာမပျက်
သွန်းဆက်လက်မြတ်၊ ကုသိုလ်ထပ်ဖို့
ထင်ဟပ်မေတ္တာ၊မြတ်စေတနာဖြင့်
သဒ္ဒါစိတ်ရင်း၊ ကထိန်ခင်းကြ၊
ဝေမျှဒါန၊ ပျော်ရွှင်ကြသည်
ဆီမီးလည်းမြိုင်၊ရနံ့လှိုင်၍
သင်းကြိုင်ပျံ့ဖုံး၊အလှဆုံးမို့
အပြုံးယှဉ်ပြိုင်၊ လတန်ဆောင်တိုင်…။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
     (၁၇-၁၁-၂၀၁၃) 
  (တန်ဆောင်းမုန်းလ အမှတ်တရ)