RSS

Wednesday, 26 June 2013

နှလုံးသားရဲ့ တောင်းဆိုမှု
















 နှလုံးသားချင်းသိ
အသည်းချင်းထိမှ
ရင်ခုန်မိတာပါ
အတင်းဆွဲ ငြိထားတဲ့ ကာရန် မဟုတ်..။

ကြင်နာလည်းပါ
ရင်ကလာ၍
အချစ်သွေးဖြာတာ
အတင်း ကာလာ ဆွဲခြယ်ထားတဲ့ ပန်းချီမဟုတ်..။

ရင်လွှာချင်းယှက်
ကြင်နာဖက်လျက်
မပျက်တသက်
အချစ်စစ်နှင့်
အသည်းနစ်အောင်
ချစ်ချင်တာက
ကဗျာ မဟုတ်
စာ မဟုတ်
ပန်းချီမဟုတ်
နှလုံးသား ရဲ့ တောင်းဆိုမှုသက်သက်ပါ..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၆-၂၀၁၃)






Sunday, 23 June 2013

နယုန်ဆန်းချိန်














နွေနှောင်းငယ် ရက်ကုန်
မိုးပုလဲပန်း ပွင့်စုံပြီ
ရနံ့ငယ် ကြည်ထုံသင်း
လမြတ်ငယ် နယုန်ခင်း။
ရဂုံတွင်းမှာလ
မာလာငုံ ရွက်လွှာလန်း
ယှက်ဖြာဆန်း ဖူးပွင့်ပုံ
ထူးတင့်ရုံ စံပယ် မြတ်လေးရယ်နှင့်
မပြတ် မွှေး  သင်းပျံ့ကြူကြူ
လေယူမှာ ညှာတံစိမ်းငယ်က
တောလုံးပတ်ယိမ်း...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၃-၆-၂၀၁၃)
(နယုန်လပြည့် အမှတ်တရ)