RSS
Friday, 10 February 2012
ချိုမြိန်ဒုက္ခ
နင့် စိတ်ထဲ ငါ
ငါ့ စိတ်ထဲ နင်
အခါခါဝင်၍
အကြင်နာတရား
အချစ်စကားတွေ
အကြိမ်ကြိမ်ပွားမိ
လူတကာ မသိပါ့တကား..။
ညစဉ်ရင်ဖွင့်
ကောင်းကင်ထက်က
ကြယ်တစ်ပွင့်ကို
အချစ်အတွက် သက်သေ
အနမ်းတွေ စေရင်း
အလွမ်းလည်းဖြေမိရပါ့တကား..။
တို့နှစ်ယောက်ဘ၀ကား
နီးလျက်နှင့်ခြား
စည်းတဘက်တားလည်း
ရှိထားမေတ္တာ
ကတိသစ္စာမပျက်
ဝေးကွာလျက်လည်း
ချစ်မြဲချစ်ကြ
ငါတို့ဘ၀မှာ
ချစ်ရဒုက္ခကား
အလွန်ချိုမြိန် လှပါ့တကား..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၀- ၂ - ၂၀၁၂)
( မနီးစပ်သေးသ၍တော့ ဘယ်လိုပဲဖြစ်ဖြစ်လေ အချစ်ဆိုတာက တယောက်နှင့်တယောက် နားလည်ပြီး ချစ်မြဲချစ်နေဖို့က အဓိကပါ...။ အနေဝေးပေမယ့်လည်း အချစ်တွေ အေးစက်သွားတာမျိုး မဖြစ်ပါစေနဲ့နော်....)
0 comments:
Post a Comment