RSS

Thursday, 10 January 2013

ဂုဏ်မြင့် ပုံဖော် လနတ်တော် (နတ်တော်လအမှတ်တရ)














နှင်းစက်လွှာ ဆမ်းကာပါ့
လင်းလက်ဖြာ လျှမ်းတင့်ချီ..။

ရာသီတကျော့ ဓနုအခါမို့
ပြာရီဖျော့ အနုစာစီ
အခါမီပေါ် သဇင်ပန်းရယ်နှင့်
ဌာနီမျှော် ရင်မှာ လွမ်းရသည်..။

မြူခိုးေ၀၀င့်ပါလို့
လူမျိုးတွေ တင့်ဖို့ရည်
စာပေဂုဏ်မြင့် အလှပုံဖော်
သည်လနတ်တော် တန်ခိုးမှော် တက်နေလား
ပြည့်အကျိုးမျှော် အမျိုးနော် ၀င့်စေသား။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၀-၁-၂၀၁၃)
(နတ်တော်လ အမှတ်တရကဗျာ)

0 comments:

Post a Comment