RSS

Sunday 15 September 2013

နှစ်သစ်ဧည့်သည်

















ဧည့်သည်လာမယ်တဲ့
ချစ်စရာအကောင်းဆုံးနှင့်
လက်ရာ အကောင်းဆုံး ချက်ထားတယ်..။

အသိဟောင်း အတွက်မို့
ငါးပိထောင်းတစ်ခွက် တော့ သုပ်ထားတယ်..။

အကြော်အလှော် အရွက်ကယ်နှင့်
ငါးကြော်လည်း အချဉ်ချက်ထားတယ်..။

သုံးထပ်ကယ် ၀က်သားရယ်နှင့်
ကြက်သားမှာ မျှစ်ချဉ်ရောပါလို့
လက်ဖျားခါ ချက်ချင်ဇောရယ်က
ပေါများလှ သပြန်…။

ဧည့်လာရင် ရွှမ်းဆရာ ပျော်ရပြီမို့
ဧည့်ပြန်ရင်ဖြင့် ရွှမ်းဆရာအဖို့မှာ
လွမ်းစရာများရယ်ကျန်…..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၆-၁-၂၀၁၃)

0 comments:

Post a Comment