
တစိမ့်စိမ့်တွေးကြည့်
ငြိမ့်ငြိမ့်လေးပါပဲ
တိတ်တဆိတ်ငေးမနေနဲ့..
အတွေးတွေ အငွေ့မပြန်ဖို့
အတွေ့သဏ္ဍာန်လည်း ဆွဲငြိလေဦး
အတွဲအလွဲ အကွဲအပြဲတွေနှင့်
ဘ၀လည်း မည်းသဲခဲ့ဖူးပြီးပြီလေ
အစွဲက အခုထိ မဖြုတ်နိုင်သ၍
ဆုတ်ပြန် ဆန်ပြုတ်တော့ မသောက်မိပါစေနဲ့တဲ့
ဖျောက်ကြည့်မိတဲ့ ငါ
ငါ..ငါ..ငါ..နှင့်
အခါခါပါ ရောချခဲ့ ရမ္မက်
လောဘနှင့် မောဟကဖျက်
သြော်...ပြောမရတော့ ဒေါသကထွက်
လောကမှာ မာနကို မိုးထိမြင့်သေး
မသိလိုက် မသိဘာသာနှင့်နေ
အရှိသာသနာအတွင်းမှာတောင်
အခုလိုစိတ်တွေ အပြင်း
အဖျင်းအကုသိုလ်အဟိတ်တရားနှင့်
စိတ်ထားက ငရဲမီးကို
ဖရဲသီးလို ချိုတယ် ထင်တဲ့ငါ
ကုသိုလ်လို စေတသိက်နှင့်
ယခုလိုဆို ပိုတောင်ဝေးရော့မယ်
ဒီတခါတော့ ဘယ်လိုပဲ ပြောပြော
သံသရာတကြောမှ
အဖန်တစ်ရာမက မနစ်မွန်းရအောင်
ဒိဌအဟုတ်ပြတ်တဲ့
ပဋိစ္စသမုပ္ပတ်ကို လေ့လာ
ဝိပဿနာ အခါခါအားထုတ်
ငါ တရားဖြုတ်ဖို့ပဲ လိုတော့တယ်..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆- ၁၂-၂၀၁၁)
0 comments:
Post a Comment