RSS

Tuesday 13 December 2011

ရာဇ၀င်မှာမော်ကွန်းထိုး-မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်-ပြည်အကျိုးဆောင်မယ့် (ချစ်ညီငယ်)လေးဆယ့်ကိုး ဗိုလ်ကြီးများသို့ အမှတ်တရကဗျာ













* လွမ်းဖွယ်ပန်းချီနှယ်

ပန်းချယ်ရီမြေနန်းမှသည်
တစ်လမ်းတစ်နယ်စီ ဝေးခဲ့ရပေမယ့်
အတွေးဝယ် ဆွေးရက်တွေက
(သူငယ်ချင်းတို့ရေ)
သြော်..အခုတော့
လေးနှစ်ပြည့်လေပြီ။

* မြောက်လေပြန်ဝှေ့ ရွက်ကြွေဝဲတော့

ဆောင်းဟေမာန်တွေ့ နှင်းဝေတဲ့အချိန်
အဆင်းတမြမြ မြေမြန်မာအလှနှင့်
ပြည်သူ့ဘ၀ အနေလှလှမှာ
ရန်စွယ်မှန်သမျှ
ကာကွယ်သွေပဖို့ရည်။
(ရောင်းရင်းတို့ရေ)
ကျောင်းဆင်းချိန်မို့ ပျော်ခဲ့ရ
ရက်လတွက်မြောက်ရေကြည့်ရင်ဖြင့်
နှစ်ထောင့်ခြောက်ပါကွဲ့
အပီပြင်ကာငဲ့ မျှော်ခဲ့ရပါတဲ့
ဒီဇင်ဘာဆယ့်ငါးရက်ညဆီ။

* (သြော်..လွမ်းမိပါရဲ့)

အခါတော်မီချယ်ရီပွင့်ဖူးပြန်ရော့မယ်
တာဝန်အလီလီ ကိုယ်စီရယ်နှင့်
(အခုတော့)
ရာထူးတစ်ဆင့်တက်ပြန်တော့တယ်..။
ဘ၀မှာရက်မြတ်ထူးပေမို့
ပွင့်ဖူးလာပုခုံးထက်ကြယ်တပွင့်ပိုခဲ့
အလိုမပြီးတဲ့ လူပျိုကြီးဘ၀ရယ်နှင့်
( သြော်..အခုတော့)
ဗိုလ်ကြီးလည်းဖြစ်ခဲ့ပြီ..။

* အမုန်းတရားတွေဖယ်

ပြုံးစကားတွေဖလှယ်ကြနှင့်
နှစ်ထောင့်တစ်ဆယ်ဒီဇင်ဘာညမှသည်
ရှေ့ဆက်အသစ်ထူးတဲ့
နှစ်ကူးတွေမှာ
ကံသစ်ပွင့်ထူး
ရာထူးတွေအဆင့်ဆင့်မြင့်-ပြည့်တာဝန်ကျေ
အချစ်ပွင့်တွေအခက်လက်ဝေစည်ပွင့်ဖူးပါစေ။

* ပြည်သူကဖွား၊ပြည်သူ့သားမို့

ပြည်သူက ချစ်၊ ပြည်လည်းချစ်သမို့
ပြည်ဖျက်သည့်ပိုး
တိုက်စစ်ထိုးကာ
မြေပေါ်-ရေပြင်-ဝေဟင်စိုး
ရာဇ၀င်မှာ မော်ကွန်းထိုး
မြန်မာ့ဂုဏ်ရောင် ဘယ်မညှိုးအောင်
ပြည်အကျိုးဆောင်မယ့်
(ချစ်ညီငယ် )လေးဆယ့်ကိုး- ဗိုလ်ကြီးတို့ရေ

သည်အတွေးနော် တက်နေလားသို့
ပြည်အရေးမျှော် မြင့်မားအောင်ကြံဆောင်နိုင်ပါစေ”။




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

( တိုင်းပြည်နှင့်ပြည်သူလူမျိုးကို ချစ်၍ ပြည်သူလူမျိုးက ချစ်သော (ပြည်အကျိုးဆောင်သော)ပြည်ချစ် တပ်မတော်သားကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ချစ်ညီငယ် ၄၉ ဗိုလ်ကြီးအားလုံးကို အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။လိုအင်ဆန္ဒ မှန်သမျှ ပြီးပြည့်ဝပါစေ။)

0 comments:

Post a Comment