
တောင်လေ မမြူး
ပိတောက် မဖူးလည်း
စိတ်ကူးလေးနှင့် ရူးရသည်.. မြူးကြွပြီ..။
ဥသြ မတွန်ကျူး
ငုရွှေ မဖူးလည်း
တန်ခူးတေးနှင့် မြူးကြွသည် ထူးပပြီ..။
မိုးဝဠာ တင့်လျှမ်း
ဧပြီဆန်းရင်
သင်္ကြန်ကို မှန်း ....တမ်းတရသည် .. လွမ်းရပြီ..။
နေရောင် မထိုး
တိမ်မှောင် မိုးသည်း
ရွာသွန်းသည့်မိုး
သင်္ကြန်မိုးဟု .. သတ်မှတ်ရသည် မှတ်ရပြီ..။
ရွှေပြည်တော်လည်းဝေး
အပြင်ကမ္ဘာ ငေးလည်း
ရင်မှာကွယ်.. အတွေးနှင့် ..အဆွေးနှင့်...။
ကျွန်ုပ်နှင့် နှစ်သစ်ကူး
(မနှစ်ကထက်) သိပ်မထူးလည်း
စိတ်ကူးလေးနှင့် မြူးရသည်... ထူးရပြီ..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄- ၄- ၂၀၁၂)
(သင်္ကြန် အကြတ်ရက် အမှတ်တရ)
(ကဗျာချစ်သူတို့ ပျော်ရွှင်ကြည်နူး မင်္ဂလာ နှစ်သစ်ကူးဖြစ်ပါစေဗျ...။
0 comments:
Post a Comment