RSS

Wednesday 27 June 2012

အိုဘယ့်.. ၀ါဆိုမိုးငယ်














အခါကြိုတဲ့ သဘောရယ်နှင့်
သြော် .. ၀ါဆိုတဲ့ မိုးငယ်က
ညှိုးဖွဲ့ဖွဲ့ သည်းချေပြီ..။

မိုးပုလဲမြေစီ ခခြွေတော့
ပန်းတိမ်မနိုင် ပုန်းညက်တို့က
ပြုံးရက် အလှစီရီ
မြေမဟီ ထွန်းသစ် အခါမီမို့
သပြေသီးမှည့်ရယ်နှင့်
ရေကြီးတဲ့ ရာသီ။

ချောင်းတွေမှာ ရေလျှံသမို့
လောင်းလှေငယ်နှင့်
အပေါင်းဆွေမယ် လှော်ကြမြိုင်လို့
ပျော်ကြသည့် ပွဲ..။

အိုဘယ့် လ၀ါဆိုရယ်..
တိမ်လွှာငယ် မဲသထက် မဲ
မိုးတွေက သဲသထက်သဲ သမို့
ဘယ်ဆီဘယ်ညာ မျှော်ကာ လွှဲလို့
(အဖော်ကွာသူအတွက်မှာဖြင့်)
သြော်..လွမ်းစိတ်ကကဲ…။

                                    ရွှမ်းသိင်္ဃ (တနင်္သာရီ)
                                    (၂၇-၆-၂၀၁၂)

0 comments:

Post a Comment