RSS

Thursday 26 July 2012

ဝါဆိုလ အလွမ်း














ညှို့ဖွဲ့မာန်တိမ်လွှာငယ်
မိုးဝသန် ၀ါဆိုဦးရယ်မို့
မြူးနွဲ့ဟန်ကြည်။


မြေနုနု ကြွကြွ
ဖွဖွလေးရယ် မိုးစက်ကြွေ
တိုးထွက်နေ မှိုဖြူပွင့်ငယ်နှင့်
ပျိုမြစ်ငယ် ၀ါးနုဖူးမျှစ်တို့
ထူးတင့်လို့စည်..။


မြေလွှာအထက်လမ်းမှာဖြင့်
နေရာတကာ ပွင့်လန်းပါဘိ
 ရွှေပန်းငွေပန်းရယ် လင်း
သွယ်သွယ်ရနံ့ငယ်နှင့်
မွှေးပျံ့လို့သင်း။


ရာသီလရယ်နှင့်
အခါမီသမျှ မိုးခိုငှက်ပုံသို့
မိုးညိုရင် စိုးစိတ်ရယ်ဖိုမိသနဲ့
အကြိမ်ကြိမ် လွမ်းစိတ်ရယ်ပိုရပါတဲ့
စခန်းဌာနီ လှမ်းကွာလှသည်မို့
တမ်းတမိပြန်ရင်ဖြင့်
(အို..ဘယ့် ၀ါဆိုငယ်)
မှန်း ဆ စိတ်တင်း...။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၆-၇-၂၀၁၂)

(၀ါဆိုလ အမှတ်တရ - ကဗျာလေးနှင့် ရာစုရဲ့ ၀ါဆို သီချင်းလေးကို ဖော်ပြပေးလိုက်ပါသည်..။ ခံစားနားဆင်ရင်း ၀ါဆို လွမ်းစိတ်များ ပြေလျော့နိုင်ပါစေ...။)






0 comments:

Post a Comment