RSS

Monday, 20 August 2012

ဝါခေါင်လအလှဖွဲ့













ခတ္တာခိုင် လှိုင်ကာထူးလို့
အပြိုင်ဖူးတဲ့ သိဟ်ရာသီ..။

ရှစ်ခွင်ညီ အုံ့မှိုင်းရီသမို့
တိမ်လွှာညီ မည်းမှောင်ချီ..။

ရောင်နီငယ် မခို့တရို့နှင့်
မို့မို့ကယ် ဆွေး ရင်စို့ပြီ..။

တဖောင်ဖောင် ရေတွေကြီး
တလှေကြီး ပျော်ကြစုံညီ..။

ဝဠာဆီ တိမ်ချင်းယှက်လို့
အခါမီ မိုး ပုလဲဆင်သည်..။

ရွှင်ကြည် စိတ်အလှရယ်နှင့်
ဘ၀င်တည် မပစ်ကွာမှန်းရွယ်လို့
မေတ္တာဓာတ်ရယ် ခြုံလွှမ်း။

အဖူးမှာ အငုံဆင့်ပါလို့
လရာသီ ၀ါခေါင်ဦးမှာ
မြူးကြွရွှင်လန်း..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၀- ၈-၂၀၁၂)
 
( ၀ါခေါင်လ အမှတ်တရ)





0 comments:

Post a Comment