RSS

Friday 3 August 2012

ရွှေရင်ခုန်လို့ လွမ်းလှပြီ















ပန်းနုရောင် နှုတ်ခမ်းသွေးရယ်နှင့်
အနမ်းလေးပေးခဲ့ဖူးပြီ..။


အလှမ်းဝေးမယ်မှန်းကြိုသိရင်ဖြင့်
ငိုမိမယ့် အဖြစ်သနဲ့ငယ်
ချစ်ရက်ကယ် မဆွေးချင်ပြီ..။


အတွေးပင်လယ် ရေယဉ်ကြောမှာ
မျှောချင် မျှောပါစေတော့
အပြောကျယ် ဘ၀တောမှာဖြင့်
(တွေးရက် ဆွေးရက်ရယ်နှင့်)
သြော်.. ရွှေရင်လည်း မောလှပြီ..။


သဘောရယ်ဖြူ မနောတူရင်ဖြင့်
ရင်ချင်းအပ် အသဲ နှစ်လွှာထပ်လိုက်ချင်ဘိ
အနာဂတ် ပြန်ဆုံမယ့်ရက်ကိုလေဗျ..
ရွှေရင်ခုန်လို့ လွမ်းလှပြီ..။



ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၃-၈-၂၀၁၂)

( အဝေးရောက်ချစ်သူ များသို့ အမှတ်တရ...)

0 comments:

Post a Comment