RSS

Sunday, 28 October 2012

သီတင်းကျွတ်တဲ့ချိန်












ရေလွှာဖြန့်ကာပ
ရွှေကြာရနံ့ဖြာသင်း
စန္ဒာလမင်းရယ်က
ဝင်းပ ထိန်လင်း..။

ရာသီ တူလရယ်မို့
ဝဠာဆီ တိမ်မှောင်ရှင်း
အခါမီ မြူနှင်းရယ်ကျ
မိုးလရယ် ကင်း..။

ဝါလလည်း ကင်းလွတ်
သီတင်းကျွတ်တဲ့ချိန်
အလင်းရယ် တူယှဉ်ထွန်းကြ
ရွှန်းမြရောင်စုံမီးက ထိန်..။

မောင်နှမ မိသားရယ်တို့
ကြည်မြခြယ် အပြုံးချိုမြိန်
ကန်တော့ပန်းရယ် ဆင်လေတော့
ချစ်စရာ့ ငါတို့ အိမ်...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၈-၁၀-၂၀၁၂  သီတင်းကျွတ်လ အမှတ်တရ ကဗျာ)









0 comments:

Post a Comment