RSS

Sunday, 25 November 2012

ဆေးပေါင်းခတဲ့ တန်ဆောင်တိုင်ည
















ငွေနှင်းမှုန် ဖျန်းပက်ကြဲ
ပန်းပွင့်ခ၀ဲတို့ ဖူးစချီ
လရာသီ ဗြိ စ္ဆာ မို့ 
 ကြိတ္တိကာ တာရာမင်း
ပြိုင်တူငယ်လင်း..။

နက္ခတ်ငယ် စုစုံညီ
ပုဏ္ဏမီ စန်းလရောင်ဆမ်း
ချမ်းစ တန်ဆောင်ဆောင်းလေညှင်းက
တိုက်ခတ်ဆော်သွင်း။

မြူနှင်းငယ်ခွင်းပါလို့
ကြူသင်းကြ ပန်းမယ်ဇလီ
မှန်းရွယ်ရည် ဘေးဘယာကင်းဖို့
အဖော်တသင်းဖွဲ့ ခူးကာပြုတ်
အဖူးငယ် သုပ်စားခဲ့ကြ
ဆေးပေါင်းတို့ရယ် ခ…။

မောင်ဖုန်းတို့အတွက်မှာဖြင့်
တန်ဆောင်းမုန်းလပြည့်ရက်ရယ်က
ပျော်စရာ လရာသီငယ်မို့
ညအခါအမီ မကုန်ချင်း
တအုပ်တမင်းဖွဲ့ တီးတိုးကစားကြ
သြော်.. ကျီးမနိုးတဲ့ ည..။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၅-၁၁-၂၀၁၂)
(တန်ဆောင်မုန်းလ အတွက် အမှတ်တရ)

0 comments:

Post a Comment