RSS

Sunday 27 October 2013

သီတင်းကျွတ်ချိန်










အထက်ဝဠာ၊လမင်းသာပြီ
ယှက်ဖြာဆီမီး၊ထွန်းညှိပြီးရင်
ကြီးမြတ်ကော်ရော်၊ပူဇော်ကန်တော့မည့်
ဝါကင်းလွတ်သည့်၊
သီတင်းကျွတ်ချိန် ရောက်ခဲ့ပြီ..။

သစ်သီးရယ်စုံ၊ မုန့်စုပုံပြီး
ထုံကြည်သွန်းဖြန့်၊မေတ္တာဓာတ်ဖြင့်
လေးမြတ် ရင်မှာ၊ ဂါရ၀ချီ
ဆရာမိဘ၊ လေးစားသမျှကို
ကုသိုလ်ရဖို့၊ကန်တော့ကြပြီး
အပြစ်ဟူသမျှ ၊ကျေပါစေကြောင်း
ဆုမွန်တောင်းသည်၊
ကောင်းမြတ်စဉ်လာ တစ်ရပ်တည်း..။
  

     ရွှမ်းသိင်္ဃ(တနင်္သာရီ)
     ( ၁၉-၁၀-၂၀၁၃) 




0 comments:

Post a Comment