ရောင်နီဖြာ ယှက်ကာနမ်း၊
ရစ်လွှာသမ်း ရနံ့ အဆင်းစုံ၊
(ထက်ကမ္ဘာဝှမ်းမှာဖြင့်)
ပျံ့သင်းထုံ စမြဲ..။
မေတ္တာပန်းငယ်နှင့် ချစ်သွေးကြွယ်၊
နှစ်လေးဆယ်ကြာမှ ကံကြုံလာ၊
ပြန်ဆုံတစ်ခါ ရွှေမြန်မာတို့ပွဲ။
အာဆီယံ ၁၁ပြည်ထောင်ချစ်ခြင်းရယ်နှင့်၊
ညီနောင် လက်များဖြင့် ယှက်ကာနွှဲ၊
တို့Sea-games အားကစားပွဲ..။
ရွှေမြန်မာတို့ရဲ့ အလံ၊
ရွှေမြန်မာတို့ရဲ့ အသံ၊
ရွှေမြန်မာတို့ရဲ့ လက်ခုပ်သံ၊
ရွှေမြန်မာတို့ရဲ့အားမာန်ဖြင့်၊
ဘ၀ဂ်လျှံ လွှင့်ပျံ စေမယ့်
ရွှေမြန်မာတို့ရဲ့ ရွှေရောင်အောင်ပွဲ ။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၁-၁၂-၂၀၁၃)
0 comments:
Post a Comment