RSS

Friday 20 December 2013

ရွှေပြည်မျှော်မှန်း ပိုလွမ်းသည့်လ












မြူမှုန်ငွေနှင်း
ဖြန့်ကာခင်း၍
သဇင်ပန်းမင်း ပွင့်လန်းတဲ့ လ...။

ဆောင်းလရာသီ
အခါမီသမို့
နှင်းရည်ပက်ဖျန်း ချမ်းသည့်လ..။

အနေထားအရ
ရေမြေခြားနေလည်း
ဆောင်းလေဆွတ်ဖျန်း
နှင်းပန်းပွင့်ချိန်
သဇင်ပွင့်ချိန်မို့
ပင်ယံမှာတင့်
အလှတွေဆင့်ကြ
သည်လ သည်မွန်
လနတ်တော်ဝယ်
ရွှေပြည်မျှော်မှန်း ပိုလွမ်းသည့်လ..။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
    (၂၀-၁၂-၂၀၁၃)
 (နတ်တော်လ အမှတ်တရ ကဗျာ)

 

0 comments:

Post a Comment