RSS

Saturday 22 March 2014

ရာသီစာ အလွမ်း (မယ်ဇလီဟင်း)

















တမောင်းတချီ၊တပေါင်းကိုမှီ
မယ်ဇလီနုတို့ ဖူးသစ်ပြီ..။
ရွက်သစ်နုကို ၊ခရုငယ်နှော၊
ရောပြွန်းပိန္နဲစေ့၊ခံတွင်းတွေ့အောင်
ဓလေ့ရာသီ၊နင်းသာရီမှာ
အခါမီပြောင်း၊လတပေါင်းဝယ်
ဆေးပေါင်းလည်းခ၊ဘေးပေါင်းပဖို့
ချက်ကြအိုးကင်း၊မယ်ဇလီဟင်းကို၊
ယောက်ချိုဇွန်းတပ်၊ယပ်မခတ်ဘဲ၊
မတတ်သာ အဝေး ရောက်နေပေလည်း
အရပ်ဌာနေ အဆွေးတွေဝင့်လို့
မပြတ်သာ လွှေး သောက်ချင်နေမိသည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၁၅-၃-၂၀၁၄)

0 comments:

Post a Comment