RSS

Wednesday 26 March 2014

~~ ပဒပ်စာနှင့် ပန်း လန်ဒီးရှ်(Ландыш)~~ (နွေဦးသင်္ကေတကဗျာ)













 
မြေလွှာတိုးထွက်၊ငွားငွားစွက်မို့၊
ကွက်သစ်ပွင့်အာ ၊ပဒပ်စာမှာ၊
ဝေဆာဖူးငုံ၊သင်းပျံ့ထုံစွာ၊
ရဂုံမြေပြင်၊ရနံ့ဆင်၍၊
ကောင်းကင် ကိုမော့၊ နှင်းရည်ဆွတ်လျက်၊
တကျော့ တဖန်၊ ပွင့်လာပြန်ပြီ..၊
မြန်ပြေနွေဦး ရောက်လေပြီ..။

နှင်းငွေ့လက်ကျန်၊ ဆောင်းလှည့်ပြန်ချိန်
မြေယံသစ်ထူး၊ လန်ဒီးရှ်ဖူးတို့
ညွန့်ဦး မမော့၊ ရနံ့သွပ်၍
တကျော့တစ်ဖန်၊ ပွင့်လာပြန်ပြီ။
ရုရှားနွေဦး ရောက်လေပြီ..။

ပဒပ်စာပန်း၊လန်ဒီးရှ်ပန်းတို့
လန်းဆန်းပွင့်ချီ၊ အခါမီမို့
ရာသီလှည့်ပြောင်း၊အသစ်ဟောင်းလဲ
မပြောင်းရင်မှာ၊ လွမ်းစိတ်ဖြာသည်
ဌာနီပြည်ဝေး၊အကျွမ်းတမြေ ဆွေးဖို့ရည်
ရာသီနွေလေး၊အလွမ်းတစ်လှေ ပေးတော့မည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)

(၁-၃-၂၀၁၄- မော်စကို နွေဦးရာသီ ပထမဆုံးနေ့ အမှတ်တရ)

0 comments:

Post a Comment