RSS

Thursday 10 July 2014

နယုန်လ သင်္ကေတများ













မိုးပေါက်ငယ်သေး၊ လေပြေသွေး၍
စံပယ်ဖြူဖွေး၊ မြက်သားမွေးသည်
ဖွေးသည်လေ့ - မွေးသည်လေ့။

 နွေနှောင်းနွေကုန်၊လနယုန်မို့
ရဂုံစိမ်းလန်း၊ပွင့်စုံဆန်းပြီ
လန်းသည်လေ့- ဆန်းသည်လေ့။

မိုးထက်အာကာ၊ ကြယ်ဇေဌာနှင့်
တိမ်လွှာလွှမ်းစွင့်၊ စန္ဒာ တင့်သည်
စွင့်သည်လေ့- တင့်သည်လေ့။

ရာသီမေထုန်၊ လနယုန်ဝယ်
သင်းထုံဖြန့်ခင်း၊ရနံ့ထင်း၍
သစ်မင်းဝါးရုံ၊ မြတ်လေးခြုံလျက်
ဖူးငုံပွင့်အန်၊ ပန်းစုံရံချိန်
စာပြန်တော်ကျင်း၊ တူပြိုင်ခင်းသည်
ကျင်းသည်လေ့- ခင်းသည်လေ့။

     ရွှမ်းသိင်္ဃ (တနင်္သာရီ)
     (နယုန်လပြည့်နေ့အမှတ်တရ)
        (၁၂-၅-၂၀၁၄)

0 comments:

Post a Comment