RSS

Saturday 12 July 2014

ဝါ၀င်ရင်ဖြင့်













ဝါ၀င်ရင်ဖြင့်
အာကာပြင်မှာ
တိမ်စဉ်တွေ အမဲဆင်ဖုံး
မိုးလုံးပတ်ချုန်း..။

ဝါ၀င်ရင်ဖြင့်
ယာခွင်ဝင်လို့
ပျိုးပင်တွေ ပြင်ဆင်သုံး
စိမ်းရောင်ခြယ်မှုန်း..။

ဝါ၀င်ရင်ဖြင့်
ရွာပြင်မှာ ရေကြီး
တူယှဉ်ပြိုင် လှေတွေစီး
ခူးဆွတ် သပြေသီး…။

ဝါ၀င်ရင်ဖြင့်
ရွာစဉ်မှာ အလှူမစဲ
ခြိမ့်ခြိမ့်သဲ ဆိုင်းဗုံတီး
ထမင်းရေ ချောင်းစီး..။

    ရွှမ်းသိင်္ဃ(တနင်္သာရီ)
    (၁၁-၇-၂၀၁၄)
   (၀ါဆိုလပြည့်နေ့ အမှတ်တရ ကဗျာ)

0 comments:

Post a Comment