ထက်ကမ္ဘာဝန်းမှာဖြင့်
ယင်းမာပန်းတို့ အခိုင်ခိုင်
သင်းကြိုင်ကာ
ဖူးပွင့်လန်း
တော်သလင်းလဆန်း။
ဖော်တသင်းသို့ တမ်းတ
မှန်းဆမိ ကမ်းရိပ်မြိုင်
တူယှဉ်ပြိုင်
နဒီမြစ်တွင်း
လှေပွဲသဘင်ခင်း။
အဆင်းပသာဒကြွယ်
ဂရုဓမ္မ အခါသာမယရယ်လို့
လာသမျှလူ ဧည့်ကျေကျေဖြင့်
ရွှေရီမြေ ခေါတရပ်ပွဲ
ပေါင်းစု ယှဉ်နွဲ..။
မတူကွဲ တိမ်ရောင်လွှာ
ထိန်ပြောင်သာ နေစင်းဖြာလို့
မိုးဆွေငယ်ရွာ
နေပူ မိုးရွာ သူခိုးလာဟု
စကားထာ ၀ှက်ကာ ကျင်း
လမြတ်တော်သလင်း…။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၁-၉-၂၀၁၄)
(တော်သလင်းလ အမှတ်တရ)
0 comments:
Post a Comment