RSS

Saturday, 18 October 2014

ဝါကျွတ်ပွဲ













ပြာရီမြူ  ကျဆင်းလေတော့
ရာသီတူ အလှခင်းချေပြီ...။

ဝါတွင်းရယ် လွတ်ကင်းလို့
ကြာမင်းငယ်ဖြန့်ခင်း
ရနံ့ကယ် သင်းချေပြီ..။

အဆင်းလှလှ
သင်းတမြမြရယ်နှင့်
သီတင်းကျွတ်လလေး ရောက်ခဲ့ပြီ။

မိဘဆရာ ကျေးဇူး
ဂုဏ်အင်ထူး သဒ္ဓါပိုကဲ
ကန်တော့ကြတဲ့ပွဲ..။ 
 
ဆီမီးငယ် တမြိုင်မြိုင်
တူယှဉ်ပြိုင် ပျော်ရွှင်နွှဲ
မြန်မာဓလေ့ပွဲ။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
 (၂၀၁၄ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရ)

0 comments:

Post a Comment