
နွေကြိုဥသြ၊ တွန်သံနှောချိန်
လွမ်းမော စိတ်မှာ၊ မခံသာမို့
ရင်လွှာ လွမ်းတေး၊တိတ်တိတ်လေးနှင့်
အဝေးကိုငေး၊သူ့ အကြောင်းတွေး
အကြိမ်ကြိမ်ဆွေးမိသည်။
နွေရဲ့ အဆင်း၊ အလှတွေခင်းချိန်
ရွက်ချင်းရွက်ခတ်၊ အသည်းချင်းထပ်မျှ
ချစ်ကြခင်ကြ၊ နှစ်သက်ကြဖြင့်
စေရာကြမ္မာ၊ လှည့်ပြောင်းရာကို
ရင်လွှာထိုးသတ်၊ရင်ခုန်ရပ်သို့
(အချစ်ကြိုးတွေ)
အကြိမ်ကြိမ်ပြတ်ခဲ့ရသည်..။
အို..အတိတ်က
အရိပ်နွေကား၊ လိပ်ပြာလေးအလား
ပျံဝဲခဏ၊ ကြည်နူးရ၍
ဘ၀ထိုစဉ်၊ တဒင်္ဂတွင်
ဝင်လာလွမ်းစိတ်၊ မြင်လွှာမှိတ်၍
ရင်မှာ တိတ်တဆိတ်မို့
ကြိတ်မှိတ် ငိုမိသေးသည်..။
အချစ်ဆိုသောအရာ
ကျွန်ုပ်အတွက်မှာကား
နွေမှာညွန့် ဖူး
နွေမှာခူးခဲ့
နွေမှာပွင့်၍
ရင်ပါပွင့်သော နွေပွင့်ပန်းလား
ထင်မှတ်မှား ရပါတကား....။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၇-၃-၂၀၁၂)
0 comments:
Post a Comment