RSS

Wednesday 13 February 2013

ကိုယ်တိုင်ပါဝင်သရုပ်ရမယ့် အချစ်ပွင့်ရာသီ ဇာတ်လမ်း












အနုအလှ စကားလုံးတွေကို ပန်းနုရောင် အထပ်ထပ်ပြန်ခြယ်သတဲ့နေ့..။
အပြုံးတွေ ယှက်လို့ အနမ်းတွေ လက်ချင်းချိတ်ကြတယ်..။
အပြန်အလှန် ကာရန်ရှာရင်း ကဗျာမြစ်တွင်း အချစ်တွေ ရွက်လွှင့်ကြပြန်တယ်..။
နှစ်လွှာ တစ်ရွက် ကမ္ဘာပျက်လည်း ထာဝစဉ် ဆက်ချစ်ဖို့ ကတိက၀တ်ပြု သေးတယ်...။
စက္ကန့်မလပ် ပျော်စရာ ဖန်တီးရင်း အတိတ်က အနာတရ လေးတွေ ဖြေဖျောက်လိုက်ကြတယ်..။
မနက်ဖြန်.မသေချာသော အနာဂတ်..စိတ်ကူးတစ်ခုတည်းနှင့် ဘ၀ကို ယုံမှတ် ပုံအပ်ဖို့တော့ မဖန်တီးခဲ့..။
စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားတွေနှင့် ရင်လွှာကို စည်းတစ်ခု ချမှတ်ခဲ့သေးတယ်..။
ပွေ့ဖက်ယုယမှုလေးတစ်ခုကပဲ ရင်ခွင်ပင်လယ်ကို အချစ်လှိုင်းတွေ ကယက်ထအောင် စွမ်းဆောင်ခဲ့တယ်။
အချစ်သမိုင်းမှာ မရှိသေးတဲ့ ပုံပြင်တစ်ပုဒ် ထပ်ဖြည့်ရေးဆွဲဖို့ သဘောတူကြတယ်..။
မျှော်လင့်ချက်ကောင်းကင်အောက်မှာ အချစ်ပင်ကို ထာဝရရှင်သန်အောင် ပြုစုဖို့ နားလည်မှုယူခဲ့ကြတယ်။
ရင်တစ်ချက်ခုန်လိုက်တိုင်း အချစ်ရစ်သမ်တွေ ပဲ့တင်ထပ်မျှ ကြားခွင့်ရတယ်..။
ရိုမန့်ဆန်ချင်ဆန်.. ကဗျာ မဆန်ချင်ဆန် နေပါစေ..
အချစ်တွေပွင့်တဲ့ရာသီအောက်မှာ အချစ်စွမ်းဖြင့် အချစ်ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့်တင့်လျှမ်းစေခဲ့တယ်..။
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေသာ ၀န်းရံခနေသမျှ ..သစ္စာ မေတ္တာတွေ လွှမ်းခြုံနေသမျှ..
ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်တဲ့  အခန်းဆက်အချစ်ဇာတ်လမ်းတွေကတော့ ထာဝရအသက်ဝင်နေဦးမည်သာ။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၂-၂၀၁၃)
 (ချစ်သူများနေ့မှာ တကယ်ချစ်တဲ့သူတွေ  ကဗျာချစ်တဲ့သူတွေ ပျော်ရွှင်မှု အပြည့်အ၀ရပြီး ကဗျာဆန်ဆန်  အချစ်တွေ ထာဝရ ပွင့်ဝေအောင် ဖန်တီးနိုင်ခွင့်ရကြပါစေ)။






0 comments:

Post a Comment