RSS

Monday, 25 February 2013

ပွင့်ပေါက်လဲ ထမနဲ နှင့် လတပို့တွဲ













ရာသီရင့်ရင့်
နေခြည်ဆင့်ချိန်
ပွင့်နီနီရဲ
ပန်းပေါက်လဲတို့
နှင်းရည်စိုရွှဲ
လတပို့တွဲတဲ့။

ရာသီကုမ်လ
ဟေမန္တနှောင်း
အချိန်ခါပြောင်းသမို့
နှစ်ထောင်းပျော်ရွှင်
မြို့ရွာတခွင်မှာ
ဆင်ယင်ကာနွှဲ
တခြိမ့်ခြိမ့်သဲ
ထမနဲပွဲတဲ့။

သည်ချိန် သည်လ
အခါသမယမှာဖြင့်
အမိမြေလွှာမျှော်မှန်း 
တမ်းတလွမ်းလည်း
လွမ်းရယ်ကမပြေ
ပြင်ကမ္ဘာငေး
ထင်ရာရေး၍
အတွေးစိတ်နယ်ဝင့် 
ဖူးပွင့်ထုံ ပေါက်လဲ တဆုပ်စာရယ် ပေးပါလို့
ထူးတင့်စုံ  ထမနဲ တလုတ်စာငယ် လွေးချင်ရဲ့လေး။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၅-၂-၂၀၁၃)
တပို့တွဲလပြည့်နေ့အမှတ်တရ။












0 comments:

Post a Comment