RSS

Thursday 14 February 2013

တည်မြဲအချစ်


တန်ပြန်မဲ့ အမုန်းတွေ အငွေ့ပျံချိန်တောင်
အချစ်တွေ အရောင် မပျက်ခဲ့ဘူး..။
ရင်ခုန်သံအရိပ်အောက်မှာ
အကြိမ်ကြိမ် စူးနစ်ခဲ့ရတဲ့ အချစ်ဆူးတွေ
သံယောဇဉ် နွယ်က တလိမ်လိမ် ရစ်
ဘ၀ဆိုတာ ဆေးစက်ကျရာ ကခဲ့ရတဲ့ ကရုပ်လေးလား
အချိန်တွေ ဖဲ့ကြွေပြီးမှ ဘ၀က ပို လှလှလာခဲ့တယ်
မေတ္တာနွံမှာ တလည်လည် ၀င့်နေရသည်က ကျေနပ်စရာ
နယ်လွန်စိတ်ကူးတွေ ကျော်မှ ကောင်းကင်ကလူတွေ အပြုံးချိုလာတယ်..
အချစ်မှာ သီအိုရီ မရှိဘူးတဲ့
နှလုံးသားမဲ့ ဦးနှောက်နှင့် အသက်ရှင်တဲ့ အသိုင်းဝိုင်းတွေကြား
ညီမျှခြင်းတွေ အကြိမ်ကြိမ် ချိန်ထိုးညှိပြီးမှ 
မာနမျက်နှာတွေ ပိုပို အကျည်းတန်မှန်း သိခွင့်ရတယ်..။
အချစ်ခွန်အားတွေနှင့်ပဲ ထိပ်ဆုံးသို့ လူးလွန့်ရင်း
နှစ်ကိုယ်တူ တစ်ဘ၀နှင့် ဘယ်လောက်ထိ  နေခွင့်ရမယ် မသိပေမယ့်
မပျက်ပြယ်တဲ့ ဒီချစ်ခြင်းတွေနှင့်ပဲ 
အစဉ်ဆက် အသစ်တဖန် အချစ်တွေ လိမ်းကျံချင်သေးတယ်..။ 

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၄-၂-၂၀၁၃)
(ချစ်သူများနေ့ အမှတ်တရ)



0 comments:

Post a Comment