RSS

Wednesday 24 April 2013

ပျိုနှင်းဆီသို့….



















တဒင်္ဂတွင်း
ရင်ဝကိုခွင်းလို့
ချက်ချင်းစူးနစ်ဝင်
ဆူးတစ်- မြင်လည်း
ချစ်ချင်မိတယ်.. ပျိုနှင်းဆီ…။

ပန်းချီတောင် လက်မှိုင်ရှုံး
အနီရောင် ပြစ်ဒဏ်ထုံးနှင့်
အမုန်းတွေပဲ ဖယ်သုံးလို့
အပြုံးငယ် ခြယ်မှုန်းလိုက်ရင်
နင်သာ အလှဆုံးပါ .. ပျိုနှင်းဆီ..။

အို ..အပျိုနှင်းဆီ..
တဒင်္ဂတွင်း
ရင်လွှာကိုထွင်း
အသက်ပါခင်းလို့
ကိုယ့်ကိုယ်တွင်းမှသည်
ယိုဆင်းသွေးစက်
မြေလွှာထက်သို့
သက်ဆင်းသည့်တိုင်
မပျက်ယွင်း မေတ္တာ
ချစ်မြဲ ချစ်နေဦးမှာပါ…ပျိုနှင်းဆီ...။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄-၄-၂၀၁၃)

0 comments:

Post a Comment