RSS

Sunday, 28 April 2013

နှစ်ဆန်း ပွင့်ပန်း





ငုဝါငယ် ရွှေအင်ကြင်း
မြေသင်းရနံ့ ဖယောင်းဝါစီ
ပြာညီညီ ကြောင်မြီးပန်းနှင့်
ကျီးကန်းဆီ ပင်ကပ်စွဲ
ထပ်ထပ်တွဲ လက်တံရှည်
လက်ပံပွင့်က နီ။

ပန်းကံ့ကော် ပွင့်ဖြူ သခွတ်
ကညွတ် မြေဇာ စကားဝါပန်း
သပြေပါလန်း သက်ကယ်စီ။ 

နှစ်လွှာညီ 
စွယ်တော်ပန်းရယ်နှင့်
အပြာ အနီ စိန်ပန်းပွင့်ပေါက်
တစ်နှစ်တစ်ခေါက် ပိတောက်ဝါလျှမ်းကြရင်
တို့ရွှေမြန်မြေနန်းမှာဖြင့်
ချစ်စရာ နှစ်သစ်ဆန်း….။

ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၇-၄-၂၀၁၃)
(နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ)

0 comments:

Post a Comment