RSS
Monday 7 April 2014
သာရီမြေမှ လူကျားပွဲ
  အမျိုးသာသနာစည်ဖို့
  တို့သာရီမြေမှာဖြင့်
  ရာသီနွေ တန်ခူးလမှာ
  မြူးမြူးကြွ နိုးလာ
  ရိုးရာတဲ့ လူကျားပွဲ
  တစ်နှစ်မှာ တစ်ခါနွှဲ
  မာန်မစွဲတဲ့ သဒ္ဓါက ကြည် ..။
  ဒေါင်း ဒေါင်း နီခြိမ့် ကြားရရင်
  ခေါင်းပေါင်းထိ ဆီလိမ့်ပါလို့
  ကိုယ်ဗလာကျင်းမှာဖြင့်
  ခါးလယ်မှာ ကြိုးကိုချည်
  တိုးမည် ဆုတ်တလီနှင့်
  ကျားပွဲ က ဟန်ချီ…။
  မာန်ဖီလို့ မူးနီစီးရင်
  အနီး မြင်သမျှ ကိုက်တတ်တာမို့
  အခိုက်အတန့် ဇောမာန်တက်ချိန်
ေ   လောဘန်ခွက်ရယ်နှင့်
  ဟန်ပျက်အောင် အတင်းရှူရစေသည်။
  အလှူ  မျှဝေဖို့ စိတ်သဏ္ဍာန်ရည်
  ဆုခံကာ ဖျော်ဖြေ က တယ်
  သာရီမြေတစ်ခွင်မှာဖြင့်
  ရာသီနွေ ပိတောက်ဖူးပွင့်ချိန်
  ထူးတင့်ကြ မျိုးမြန်မာအတွက်
  မြူးဝင့်ကာ တူယှဉ်နွှဲ
  ရိုးရာ တို့ကျားပွဲ..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၅-၄-၂၀၁၄)
( တစ်နှစ်မှာတစ်ကြိမ် ပြုလုပ်သော တနင်္သာရီမြေမှ ဒေသခေါ် ကုလားကျား (သို့မဟုတ်) လူကျားပွဲသို့အမှတ်တရကဗျာ။ကုလားဆိုတာက -ကရကျွန်း ထိုမှ ဒေသစကားဖြင့် ကရကျားအက ..ကလားကျားအကအသံဖြစ်သည်...။ဗုဒ္ဒဘာသာဝင်များက နှစ်သစ်အလှူတစ်ခုပြုနိုင်ရန် အလှူခံဖျော်ဖြေရာတွင် ကကြခြင်းဖြစ်သည်..။)
0 comments:
Post a Comment