RSS

Friday 1 August 2014

နှစ်၆၀ပြည့် စစ်တက္ကသိုလ်သို့.. (ဂုဏ်ပြုကဗျာ)













အို..အမေ
သက်ရွယ်ရော်ရင့်၊ အလင်းဝင့်၍
တစ်ပွင့် နှစ်ပွင့်၊
ကြယ်စုံတင့်စေခဲ့သူ..။

အို အမေ
ရင်ခွင်ရိပ်အောက်၊ ခိုဝင်ရောက်က
ထွန်းတောက်ရောင်လက်၊
အလင်းဆက်စေသူ…။

အို..အမေ
ပြည်တွက်ကာကွယ်၊ အပြုံးကြွယ်လျက်
ရည်ရွယ်ချက်ကောင်း၊
ပြည့်သားကောင်းတွေ မွေးခဲ့သူ..။

အို..အမေ
နှစ်၆၀ရောက်၊အပြုံးမပျောက်
တစ်ထောက်မနား၊
 ပြည့်အင်အားတွက် အသင့်ရှိသူ..။

အို..အမေ
ဘယ်လောက်ပင်အိုလည်း
သားတို့အတွက်ဆို
အစဉ်နုပျို၍
တမ်းတစိတ်ပို
လွမ်းရိပ်ခိုလျှင်
မေ့ကို ဦးညွတ်
သားကန်တော့သည်
“အမေ ထာဝရ ပျော်ပါစေ..”
“အမေ ထာဝရ တည်ပါစေ.။”

     ရွှမ်းသိင်္ဃ(တနင်္သာရီ)
        (၁-၈-၂၀၁၄)
(စစ်တက္ကသိုလ်ကျောင်းဆင်း သွေးချင်း စစ်သည် ဂါဒီယမ် ညီနောင်များနှင့် နှစ်၆၀ပြည့် စစ်တက္ကသိုလ်သို့ အမှတ်တရ-ဂုဏ်ပြုသည်။)

0 comments:

Post a Comment