RSS

Tuesday 24 May 2011

СОЛНЦЕ ( နေ )
















## Если только он не был,

Если он не целует , то это как
Раскращенные цветы , которые не цветут.

## Если только он не был,

Если он не целует , то это как
Раскращенные цветы , которые не падают.


НВЕ ШВАН У
(РХТУ)
(15-5-2009)

သည်ကဗျာကို ရေးတဲ့ နေ့ က စာရေးသူတို့ ရုရှားဆရာကြှီးက သူရဲကောင်းတွေအကြောင်းနှင့် သူရဲကောင်း ဆိုတာ ဘာလဲ ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆို စေတယ်..။ကျောင်းသားတယောက်ချင်းစီကိုလည်း ဆက်စပ်တဲ့ အတွေးကို ပြောခိုင်းသည်..။
စာရေးသူလည်း လိုက်တွေးကြည့်ရင်း အပြင်ဘက်ကို စိတ်ကူးကရောက်သွားသည်..။ မေလဆိုတော့ ရုရှားမှာ နွေဦးပေါက် အချိန်ဆိုတော့ ရွက်နုသေးသေးလေးတွေထွက်ပြူနေပြီ..။နေရောင်ခြည်နုနု လေပြည်အေးအေးလေးနှင့်တော်တော်လေးသာယာတဲ့ အနေအထားရှိသည်..။
သို့ပေမယ့် ကျောင်းစာသင်ခန်းပြတင်းပေါက်ကတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်တွေကတော့ စာရေးသူရဲ့ မျက်နှာပြင်ကို ပူနွေးတာထက် အပူရှိန်ပြင်းသထက်ပြင်းအောင် ဖန်နေစေသည်မို့.....မခံနိုင်သည့်အဆုံး မျက်နှာအရှေ့ဘက်မှာ စာအုပ်ကို ခံလိုက်သည်လေ..။ဤသို့လုပ်လိုက်တာနှင့် ဆရာကြီးစာမေးတာကို မဖြေချင်လို့ စာအုပ်ခံတယ်လို့ထင်မှာလည်း စိုးရသေးသည်..။သို့အတွက် ခုန်နေရာနည်းနည်း ရွှေ့ပြီးထိုင်လိုက်မိသည်..။ထိုင်ပြီးခဏ တဒင်္ဂအတွေးမှာ ပေါ်လာသည်က နေရောင်ခြည်နှင့်ပတ်သက်တဲ့ ကဗျာအတွေးလေးပါပဲ..။
စာရေးသူ ဖြေမယ့် အလှည့်ရောက်ရော.. အထက်ပါ ကဗျာလေးကို ရွတ်လိုက်ပါတယ်..။သူရဲကောင်းကို နေမင်းနှင့် ခိုင်းနှိုင်းလိုက်တယ်..။ရောင်စုံပန်းလေးတွေကိုတော့ ပြည်သူနှင့် ရန်သူအသွင် ဖန်တီးလိုက်တယ်..။ဒီလိုပြောလိုက်တော့
ဆရာကြီးက အချစ်ကို နေမင်းနှင့် တင်စားလို့ထင်မြင်တယ်..။အချစ်ဆိုတာရှိနေသမျှ အရာရာလှပစိုပြေနေသလို သူမရှိရင်လည်း အရာရာအထီးကျန်ခြောက်ကပ်တယ်တဲ့..။
ကဗျာဆိုတာက ဖတ်တဲ့သူရဲ့ အတွေးပေါ်မှာပဲ မူတည်ပါတယ်လေ..။ခံစားမှု တွေးခေါ်မှု ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသွင်ဖန်တီးကြံဆလို့ရသည်မို့....ရှုထောင့်မျိုးစုံအလိုက်တော့ ကဗျာအဓိပ္ပာယ်က ကွဲသွားတာပါပဲ..။
MSU တက္ကသိုလ်က ဆရာတယောက်ကို ပို့ပြီးဝေဖန်ခိုင်းကြည့်ရာ သူ့အတွေးကတော့ ဆရာတယောက်ဖြစ်တဲ့အတွက် - ဆရာကို နေမင်းနှင့် ခိုင်းနှိုင်းထားတယ်လို့ ပြန်ပြောတယ်..။
ဘာပဲဖြစ်ဖြစ် နေမင်းကတော့ မနက်ဖြန်ရက်များစွာမှာ ရှိနေဦးမှာပဲ.။သူ့ရောင်ခြည် အောက်မှာလည်း ပန်းရောင်စုံလည်းဖူးပွင့်ဝေဦးမှာပါပဲ....ထပ်ပြီးလည်း လွှင့်ကြွေကြဦးမှာပဲလေ..။
သို့ပေမယ့် စာရေးသူ အတွက်မှာတော့( နေ) ဆိုတဲ့ ကဗျာလေးကတော့ မော်စကို အမှတ်တရ အနေဖြင့် ရင်ထဲမှာ ထာဝရ ပွင့်လန်းနေဦးမှာ​ ဧကန်အမှန်ပင်..။
" သူမနမ်းရင် ပန်းတိုင်းဝေမည် မဟုတ်ပါ"
"သူမနမ်းရင် ပန်းတိုင်းကြွေမည် မဟုတ်ပါ"

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ဒီကဗျာ နှင့်ပတ်သက်ပြီး ကဗျာချစ်သူတွေမှာလည်း အတွေးကိုယ်စီ ရှိလာပါလိမ့်မယ်..။ စာရေးသူ ငယ်စဉ်က ဖတ်ဖူးတဲ့ ကဗျာလေးကို ဆက်စပ် ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်..။)

(ကဗျာချစ်သူတို့ ပျော်စရာအတွေးနှင့် မနက်ဖြန်လေးတွေကျော်ဖြတ်ခွင့်ရပါစေ)

0 comments:

Post a Comment