RSS

Tuesday 10 January 2012

နှင်းပန်း














သူ့အဆင်းနှင့်
သူ့အချင်းနှင့်
ဘယ်သူနင်းနင်း
ဘယ်သူညှင်းညှင်း
ပင်ယံတခက်ချင်းလည်း ဝေ
မြေပေါ်သက်ဆင်းလည်း ကြွေ
နှောင်းတမြေ့မြေ့
ဆောင်းတကွေ့ဝယ်
သူ့အလှည့် ရောက်လေတော့
အံခံတွင်းပါ ခိုင်တုန်ချမ်းစေရော့
မာန်တင်းကာ မိုင်ကုန်လွမ်းမပြေတော့တယ်
ဆောင်းပွင့်တဲ့ပန်း....။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၉-၁-၂၀၁၂)

0 comments:

Post a Comment