
ကြင်နာသူ အရိပ်သဏ္ဍာန်မှန်း
ရင်မှာဆူ အတိတ်ပြန်လွမ်းမိပါရဲ့
စိတ်ဒဏ်ခပ်ကြမ်းကြမ်းရယ်ကြောင့်
ကြိတ်ခံစားခဲ့ရ ငါ့မှာ
ရင်လွှာ အချစ်ဖွဲ့ အသဲစွဲသမျှ
ကြင်နာ အပြစ်မဲ့ လမ်းခွဲခဲ့တာကိုလေ
အသေအချာ အဖြေရှာကြည့် ရက်တွေက
တွက်ရေမရတော့ပြီ..။
ဖြစ်လေသမျှရယ်က
နှစ်တွေလတွေကြာစေဦးတော့
ကမ္ဘာမြေဆုံးလည်း အချစ်တွေ မဆိတ်သုဉ်းရော့မယ်
သိပ်မုန်းခဲ့ အဖြစ်မျိုးရယ် ပစ်ပယ်လို့
အချစ်တန်ခိုးငယ်ရစ်တွယ်
အချစ်တွေ တိုးလို့ တိုးလို့ကြွယ်
( ဒီတစ်ခါ အချစ်နှင့် ပြန်ဆုံရင်ဖြင့်)
ချစ်ထုံးရယ်မပြယ်
တသက်လုံးရွယ် နှစ်ကိုယ်တူ ချစ်တိုင်းပြည်တည်ဖို့
အပြစ်မုန်းဖယ် ကြင်နာသူ စိတ်အတိုင်း ဖြစ်စေမည်..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
( ၁၈- ၁- ၂၀၁၂)
( ၂၀၁၂ ဖေဖော်ဝါရီလ ၁၄ရက်နေ့ မှာ ကျရောက်မယ့် ချစ်သူများနေ့ အမှတ်တရ အဖြစ် ရည်ရွယ် တောင်းဆိုလာသော မန္တလေးမှ ညီငယ်လေးရဲ့ ခံစားချက်အတိုင်းသာ ရေးဖွဲ့သည်...။ ချစ်တာ အပြစ် မဟုတ်ပေမယ့်လည်း အပြစ်ကင်းတဲ့ ချစ်ခြင်း ဖြစ်ဖို့ အရေးကြီးတယ်လို့ထင်ပါတယ်...။ ဒါကြောင့်လည်း ကဗျာချစ်သူ အားလုံး ...နှင့်...ချစ်တဲ့သူတိုင်း အပြစ်မဲ့ အချစ်တန်ခိုးငယ်ရစ်တွယ်လို့ အချစ်တွေ တိုးလို့ တိုးလို့ ချစ်နိုင်ကြပါစေဗျ..။)
0 comments:
Post a Comment