RSS

Monday 23 January 2012

အချစ်စစ် ရွှန်းတဲ့ မျက်ရစ်ဝန်း

















ရွှန်းလဲ့ပါတဲ့ မျက်ဝန်းအလှ
သွန်းဖွဲ့လို့ ကဗျာစာချီ
ဝဠာအာကာ အထပ်ထပ်
ဘယ်မဆံ့နိုင်ဘု
တကယ်အတပ် ညွန်းဖွဲ့လို့မမီ...။

ချစ်ဝန်းရံခပါလို့
အပြစ်ပြောရန် စကားရယ်မရှိပါဘိ
သနားစဖွယ် အကြည့်ငယ်က
အငြိအတွယ် အသဲစိုင်လွှာ
အမြဲခိုင်စွာ လှောင်ပြုံးရယ်နှင့်
သြော်.. နှောင်ထုံးငယ်ချည်..။



အရွယ်တူမဟုတ်ပေလင့်
ငယ်သူမို့ ချစ်အားပိုမိ
သက်ထားပျို မှဲ့ညိုမယ့် အဖြစ်
တကယ့်ကို မမြင်ရက်ပါကွဲ့
အသွင်သစ် အချစ်ဆုံးငယ်အလှမှာ
ပြုံးစရယ်..ဝေ..။

အချစ်စစ် ရွှန်းမြမြ
မျက်ရစ်ဝန်းက စခဲ့ရတဲ့
ဘ၀အလှ တဒင်္ဂပေမယ့်
ရင်ဝမှ တဆင့်ကွယ်
မြင်သမျှတင့်တယ်ခဲ့
အသက်ရွယ် ကြီးရင့်သည်တိုင်
အသီးအပွင့်ခိုင် ချစ်ဖူးဝေ
(သြော် ဘ၀နေ တင့်ထူးစေဖို့
သက်မှူးငယ်ခြွေ...။


ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၂၄- ၁- ၂၀၁၂)

0 comments:

Post a Comment