RSS

Thursday, 19 January 2012

ချစ်သူလေး... သို့

















အသက်နှင့်ပေး၊ ချစ်သူလေးမို့
အဝေးစကား၊ ငါ မကြားချင်၊
ဘေးနားတူယှဉ်၊ ချစ်ပွဲဝင်ဖို့
ချစ်ခင်ချစ်ကြိုး၊ချစ်စပျိုးခဲ့
ချစ်မိုးလည်းရွာ၊ချစ်နေဖြာလို့
ချစ်လွှာချစ်သစ်၊
အချစ်စစ်နှင့်၊ချစ်တွေ ဖူးပွင့်ဝေ
ချစ်ဦးသူမို့၊ချစ်တွေ ထူးတင့်စေ...။



အသက်ထပ်တူ၊ချစ်ရသူမို့
ကြည်ဖြူလက်တွဲ၊ရွှေလက်မြဲဖို့
ရင်ထဲတည်မှီ၊ ချစ်ခွန်းသီခဲ့
ချစ်ရည်ချစ်သွေး၊ချစ်စစ်မွေးစေ
ချစ်တေးချိုကြည်၊ ချစ်ပြုံးစီ၍
ချစ်ဆုံးကဗျာ၊ ချစ်ဆုံးစာနှင့်
ချစ်စရာလမ်း၊ ချစ်သက်နန်းဝယ်
ချစ်ပန်းချစ်နမ်းး၊ ချစ်တွေလန်းဖို့
ချစ်ရေစင်ဆမ်း ဖျန်းပက်ခြယ်
ချစ်တွေဝေလျှမ်း ဆန်းတင့်တယ်...။




ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀-၁-၂၀၁၂)

1 comments:

Unknown said...

ရေးထားတာလေးတွေတော်တော်ကောင်းပါတယ်

Post a Comment