အနုဝယ် အယဉ်ဆင့်
အမြင်မှာ တကယ်တင့်ပါဘိ
အပင့်မျက်လွှာ အကြည့်မယ်
ငြိတွယ်မိရပါလိမ့်
အို.. အမိ မြန်မာမလေးရယ်..။
ဆံထုံးနက်မှောင် ကေသာကြော့သွယ်နှင့်
အပြုံးတစ်ချက်မောင် ကြွေရှာရော့မယ်
ပန်းချီကဗျာ စုဖွဲ့ကြပေမယ့်
အနုအသွဲ့ ကြွယ် လှသထက်လှသမို့
လက်မှိုင်လို့ ရယ်ရှုံး..။
နဂိုယဉ် အလှဆုံးသူတွေရယ်
ဘယ်လိုပင် အနောက်တကြော သူတွေသို့
အားကျကာ မ၀တ်ချင်စမ်းပါနဲ့
မြန်မာအလှ ကမ္ဘာပြဖို့ရာ
ပါးပြင်မှာ သနပ်ခါးတင် ခြယ်မှုန်း
ရင်ဖုံး မှာ ချိတ်ထဘီဆက်ပါလို့
အမျိုးချစ်မြန်မာမရယ်ဟု
အိနြေ္ဒ ရွှေနှင့် မလဲနိုင်ပါဘု
အစဉ်လာဂုဏ်ရောင်သွေးရယ်နှင့်
မြင်သူတကာငေး ငေးရအောင်ပါ့
အလှဂုဏ် မြင့်တင်ပေး။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၄-၅-၂၀၁၂)
0 comments:
Post a Comment