RSS

Wednesday 16 May 2012

အနာဂတ် မြန်မာပြည် အတွက် တွဲလက်များ


ကျူးရင့် မြူးဝင့် ငြိမ်းချမ်းရေးတေးရယ်နှင့်၊

ဖူးပွင့် ထူးတင့် စိမ်းလန်းပန်းဝေ၊
အမိမြန်ပြေ အနာဂတ်အရေး၊
အခါမလပ် ငေးမျှော်၊
အရှေ့တခေါ် မဝေးလှပြီမို့
တွေးပျော်ကာ အတူယှဉ်နွှဲဖို့
(သွေးရင်းညီနောင်ချစ်ဆွေတို့ရေ..)
တွဲလက်တွေ ခိုင်မြဲ။

                                                          ရွှမ်းသိင်္ဃ (တနင်္သာရီ)
    ( ၁၆-၅-၂၀၁၂)

(အနာဂတ် မြန်မာပြည် သီချင်းလေးကို နားထောင်ပြီး ကဗျာ အတွေး ပေါ်လာတာနှင့် အမှတ်တရ ရေးလိုက်ခြင်းသာ ဖြစ်သည်..။ သီချင်းလေးကို http://www.myanmarcelebrity.com/ မှ တဆင့် ဝေငှယူလိုက်သည်..။ ကဗျာ ချစ်သူတို့ သီချင်းလေးကိုလည်း နားထောင်ပြီး ကြည်နူးပျော်ရွှင်နိုင်ပါစေ..။) 

                           အနာဂတ် မြန်မာပြည် ( The Future Myanmar song)



0 comments:

Post a Comment