RSS

Monday 7 May 2012

လမြတ်နွေ ကဆုန်


















ရွှေစကားပွင့်ရယ်နှင့်
မြေသားလည်းတင့်ချိန်
ပွင့်ထိန်ထိန် ပန်းအင်ကြင်းတို့
ရနံ့ထုံသင်းကြည်
ရာသီမှာ အခါပြိဿ
'ဗျာဒိတ်ပြ ဖွားမြင်၊
ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း'ရယ်ဟု
စိတ်မှာမှန်းရွယ် နောင်ရှည်ထွန်းဖို့သာသနာ
ညောင်ရေသွန်းသည့် အစဉ်အလာကိုလေ
ရင်မှာ မြတ်တရားရယ်နှင့်
မပြတ်ပွားကာ ဆင်ခြင်ကြသည်မို့
မြင်မြင်သမျှ အလှရယ် ၀င့်ပါဘိ
အဖူးအပွင့်အငုံအစုံစုံ
အို .. လမြတ်နွေ ကဆုန်…။

     ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၅-၅-၂၀၁၂ ကဆုန်လပြည့်နေ့  ဗုဒ္ဒနေ့  အမှတ်တရ)


0 comments:

Post a Comment