RSS

Friday, 22 August 2014

အချစ်မဲ့ အမုန်း












ရက်ရက်ရောရော
အချစ်တွေပုံအောပြီး
 ပေးနေမိတာက
 အပြစ်တစ်ခုလား။
အနမ်းတစ်ပွင့် မပြောနဲ့..။
ဟန်ဆောင် အပြုံးလေးတစ်ပွင့်မျှ
ဆွတ်ခြွေခွင့်မရှိ။
မချစ်ဘဲ မျိုသိပ်ပြီး
နမ်းတဲ့ နှုတ်ခမ်းလွှာလေးဝန်းကျင်မှာ
အဆိပ်ထက်ပြင်းတဲ့ အမုန်းတွေပဲ
အထပ်ထပ် သုတ်လိမ်းထားတယ်။
ချိုမြိန်တယ်လို့ ထင်ရတဲ့
အချစ်တစ်ခုအတွက်
သည်လိုမျိုး တန်ပြန်အမုန်းတွေနှင့်ပဲ
 ရှေ့ဆက်နေရရင်တော့..
အချစ်မဲ့အမုန်းတွေနှင့်
စွဲလန်းရုးသွပ်မှုအဆင့်
အထွတ်အထိပ်မရောက်ခင်-
အစကတည်းက ဆုံဖို့
အကြောင်းမဖန်ပါရစေနဲ့လား...။

  ရွှမ်းသိင်္ဃ(တနင်္သာရီ)
   (၆-၈-၂၀၁၄)

0 comments:

Post a Comment