RSS

Sunday 10 August 2014

super full moon (၀ါခေါင်လပြည့်ည)












သူငါကပြော
သည်ည ထွန်းမယ့်
လ၀န်းက- super full moon တဲ့..။

ကမ္ဘာနှင့်လ
ထိငြိကြတော့ မလို
အပြောတွေက ပိုသည်..။

မည်သို့ပိုပို
မည်သို့ဆိုလည်း
အရင်လို လမင်း
ရောင်ဖြာခင်း၍
လင်းမြဲတိုင်းသာ
လင်းနေရှာပြီ ။

ဘယ်အချိန်နီးနီး
ဘယ်အချိန်ကြီးကြီး
မြင်ရမည်နည်း…။

ဖြူ  စင် စက်ဝန်း
လင်းလက်ရွှန်းသည့်
စူပါ မွန်းကြီး
ဘယ်သို့ထွန်းမည်ကို
တွေ့ချင်ဇောဖြင့်သာ
မျှော်သောသူမှာ မောရသည်။

                  ရွှမ်းသိင်္ဃ (တနင်္သာရီ)
          (၂၀၁၄ ၀ါခေါင်လပြည့်ည အမှတ်တရ) 
                 (၁၀-၈-၂၀၁၄)

0 comments:

Post a Comment