RSS

Saturday 12 April 2014

ပိတောက်ရွှေဝါ (အသက်ဝင်လာသော မြန်မာကဗျာ)





 


   မနက်ဖြန် ၂၀၁၄ အတာသင်္ကြန် အကြိုနေ့ရောက်တော့မှာမို့ စိတ်ထဲမှာ အလွမ်းလေးဖြစ်တည်လာပြန်ပြီ..ရည်ရွယ်ရာ အိပ်မက်တွေ မပြီးမြောက်သေးသ၍ပြန်လို့ မရမှန်းသိပေမယ့်လည်း စိတ်အစဉ်က ဇာတိမြေလေးဆီကို ရောက်ရောက်သွားပြန်သည်.. ပိတောက်ပန်းပွင့်ပြီဟေ့... ရေပက်ကြပြန်ဟေ့.. ငါတို့မဏ္ဍပ်မှာ သင်္ကြန် ထမင်းနှင့် မုန့်လုံးရေပေါ် လာသုံးဆောင်ဟေ့.. အဲဒီအသံလေးတွေက အတိတ်သင်္ကြန်ကို တမ်းတတိုင်း ပြန်ကြား နေမိသည်.. နိုင်ငံခြားကို ရောက်နေခဲ့သည်မှာ ၆နှစ်အတွင်း ဧပြီဆန်းရင် ဒီအချိန် ပိတောက်ပွင့်ပြီ..။ဒီအချိန်ဆို ပျော်စရာကောင်းပြီ.. နှစ်သစ်ကူး မိသားစုတွေ ပြန်ဆုံကြပြီ..စသဖြင့် စိတ်ကူးလေးနှင့်မြူ ..စိတ်ကူးလေးနှင့် ပျော်..။ကိုယ့်ရေကိုယ်လောင်း နှစ်သစ်ပြောင်းခဲ့ရသည်ပဲလေ.. သင်္ကြန်နှင့်ပတ်သက်ပြီး အမှတ်တရဆိုတာကတော့ ငယ်ငယ်ဘ၀မှာပဲ-ဖြစ်တည်ခဲ့တာပါ..။ ၁၀တန်းအောင်ပြီး နောက်ပိုင်း တည်ငြိမ်လာတာလား.. ရင့်ကျက်လာတာလား မပြောတတ်ပါ..။ သင်္ကြန်က ကိုယ်နှင့် မသက်ဆိုင်တော့လိုလို စိတ်ထဲက ဖြစ်နေသည်က အမှန်ပင်..။ သို့ပေမယ့်လည်း တူးပို့ တူးပို့ နှင့် သင်္ကြန်ဒိုးသံသာ ကြားလိုက်ရရင်တော့ အလိုလို စိတ်တွေက နုပျိုလာသလို ကိုယ်စိတ်အစဉ်လည်း လန်းဆန်းလာစေသည်ကတော့ ဧကန်ပင်..။ သင်္ကြန်နှင့်ပတ်သက်ပြီး ရာသီပန်းများအနက်မှ-ြ မန်မာတို့ရဲ့ နှစ်သစ် သင်္ကေတ ပန်းဖြစ်တဲ့ ပိတောက်ပန်းကိုတော့ အရမ်းချစ်သည်..။ ရနံ့ရော..အဆင်းပါ ပြည့်စုံတာမို့ ရာသီအခါမီပန်းလေးဖြစ်တဲ့အတွက်ပါ ချစ်သည်..။ ကြိုက်တာထက်ပိုတဲ့ အချစ်မျိုးလို့ ဆိုရပေမည်..။ သူ့နှင့်ပတ်သက်ပြီးလည်း ပျော်စရာ အမှတ်တရ အများပြားရရှိခဲ့တာမို့ စာရေးသူရဲ့ ဘ၀တစ်စိတ်တစ်ဒေသအဖြစ် မှတ်ယူသည်..။ထို့ကြောင့်လည်း ဘယ်နေရာ ရောက်ရောက် နှစ်သစ်ရောက်တိုင်း ပြန်ပြန်ကြည့်လို့ရမည့် ပိတောက်လေးကို အမြတ်တနိုး သိမ်းထားခဲ့သည်မှာလည်း ကြာလည်းကြာခဲ့ပါပြီ..။
                မနက်ဖြန် သင်္ကြန်အကြိုနေ့ရောက်တော့မည်ဆိုတော့ သင်္ကြန်သီချင်းလေးဖွင့်ရင်း ပိတောက်ခြောက်လေးကို စာရေးသူ ကြည့်မိသည်..။ရနံ့က သင်းသင်းလေးမဟုတ်ပေမယ့် ညင်းညင်းလေးရနေဆဲ..။ထိုရနံ့လေးများမှတဆင့် ပျော်ရွှင်ခဲ့ဖူးသောအတိတ်သင်္ကြန်ကို ပြန်တမ်းတရင်း နှုတ်မှလည်း ပိတောက်နှင့် ပတ်သက်သော ကဗျာလေးကို ရေရွတ်မိလိုက်သည်..။ အဲဒီကဗျာလေးကတော့ သီချင်းပုံစံ အသက်ဝင်လာရင်း အတိတ်သင်္ကြန်ကိုပါ အသက်သွင်းစေနိုင်ခဲ့သည်ဟု ဆိုရမှာပင်..။ စာရေးသူ ရွတ်တဲ့ ကဗျာလေးကတော့ ပိတောက်ရွှေဝါ ကဗျာလေးပါ..။ ကဗျာဆရာ ဦးကြော့ရေးခဲ့တဲ့ ကဗျာလေးပါ..။ရာသီအလွမ်းနှင့်အတူ စာရေးသူ ရင်ထဲမှာ အခါမီပွင့်လာတဲ့ ပိတောက်ကဗျာလေးမို့ အမှတ်တရအနေဖြင့် ကဗျာ ချစ်သူတို့အတွက် နှစ်သစ်လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်..။ ကဗျာဆိုတာ သီချင်းရဲ့ ဖြစ်တည်ရာ ရေသောက်မြစ်ဖြစ်တာမို့ ကဗျာကို အသက်သွင်း သီဆိုခဲ့ကြတာကတော့ ကြည်ကြည်ဌေး၊ ဂီတလုလင်မောင်ကိုကို၊ မာမာအေးတို့ပဲဖြစ်ပါတယ်..။ထို့ကြောင့် ၂၀၁၄ မြန်မာ့နှစ်သစ်သင်္ကြန်ကို ကြိုဆိုရင်း အသက်ဝင်လာသော ကဗျာ သီချင်းလေးကိုပါ ခံစားနားဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်..။ကဗျာချစ်သူများ အားလုံးနှစ်သစ်မှာ ကဗျာဆန်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်..။ အားလုံးပျော်ရွှင်ချမ်းမြေ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေခင်ဗျား..။

                                                                                ရွှမ်းသိင်္ဃ(တနင်္သာရီ)
                                                                                (၁၂-၄-၂၀၁၄)


                                            ပိတောက်ရွှေဝါ ကဗျာမူရင်း

လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ၊

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ၊

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း၊

   မြူ  မင်းလွင်ထန်
ကြူ  သင်းတာချိန်ယံ မတော့
ေေ ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။

        ဦးကြော့

 အသက်ဝင်လာသော အဆိုတော် ဒေါ်မာမာအေးရဲ့ ပိတောက်ရွှေဝါ သီချင်းလေး နားဆင်နိုင်ရန်-


 

0 comments:

Post a Comment