RSS

Monday 21 April 2014

မေပိတောက်












မေပိတောက်က
ခြေပေါက်လို့
ရွှေမြေသို့ တစ်ခေါက်
ရောက်ပြန်ပြီ...။

မိုးစက်တစ်ပေါက်
သင်္ကြန်မိုးသောက်ရင်
ခြေရာလည်းဖျောက်
ရွှေမြေမှာမှောက်
တစ်ခေါက် အိပ်တန်းဝင်ချေမည်..။

တစ်နှစ်မှာတစ်ခါ
သူရောက်လာ၍
အခါမီ ခြယ်မှုန်း
အ၀ါရောင်ဖုံးအောင်
သူအပြုံးပွင့်နှင့်
အလှဆုံးဆင်သည်..။

ပြာရီငယ်တမော့
ရာသီဖျော့ချိန်
ရွှေရင်ကိုကော့
သူပြန်တော့လည်း
လမ်းမြေတကျော့မှ
အလွမ်းတစ်လှေ ဆွတ်၍
အလွမ်းတွေ သွပ်ခဲ့သည်..။

သြော်
ဒီတစ်ခေါက်လည်း
မေပိတောက်က
ရွှေမြေသို့ တစ်လျှောက်
ခြေရာဖျောက်၍
လှည့်ပြန်ချေပြီတကား...။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၅-၄-၂၀၁၄)
(၂၀၁၄ သင်္ကြန်အမှတ်တရ)


 

0 comments:

Post a Comment