RSS

Monday 21 April 2014

တန်ခူးလအလွမ်း











ရာသီနွေရက်၊နေရောင်သက်၍
ပင်ထက်ရွက်ညို၊ စုပုံပြို၍
မြေကိုခြေချ ဆင်းကြပြီ..။

နွေရုပ်သဏ္ဍန်၊ ထင်ဟပ်ပြန်လျှင်
တိမ်ယံလည်းတင့်၊ပင်ယံမြင့်ထက်
ငှက်ဥသြလည်း တေးဆိုပြီ...။

ပုရစ်ဖူးနု၊ပင်တိုင်းစု၍
ဥတုမိဿ     ၊ တန်ခူးလမို့
မြူး ကြွခါမီ၊ လှစုံညီ...။

မိုးစက်ငယ်ရွာ၊ ငုပိတောက်ဝါတို့
ပွင့်အာ ဖူးဆင့်၊ရနံ့သင့်၍
တ၀င့်ဝင့်ပျံ့ မွှေးထုံစည်..။

အခါနွေဆန်း၊အတာရေဖျန်းချိန်
မှန်းဆရွယ်ရည်၊ မြို့သာရီသို့
စာစီလို့တမ်း၊ သည်နှစ်ဆန်းလည်း
(ကျွန်ုပ် ရွှမ်းမှာဖြင့်)
လွမ်းရဦးမည်..လွမ်းဦးမည်..။

 ရွှမ်းသိင်္ဃ( တနင်္သာရီ )
(၁၄-၄-၂၀၁၄)
 (သင်္ကြန်အကျနေ့ အမှတ်တရ)



0 comments:

Post a Comment