RSS

Tuesday, 22 April 2014

တန်ခူးရာသီ သင်္ကေတ













တစ်တောလုံးရယ်သာ
တစ်တောင်လုံးရယ်သင်း
လန်းဖြာဝင်း မွှေးပျံ့ချီ
ရနံ့ငယ် အီ..လှကျော့ရှင်း
ပန်းမြတ် စကားဝါမင်း ..။

 ရာသီမှာ စာပန်းချီသပါလို့
အညှာဆီမှာ လက်တံစိမ်းနှင့်
ခက်ယံမှာ အ၀ါရောင်တောက်တယ်
ပန်းပိတောက်လည်း ၀င်း။

စိမ်းရင့်ရင့်  ခက်ရယ်စို
ပင်ပျိုမှာ ရွက်သစ်တစ်သိန်းနှင့်
 မှိန်းပွင့်ကာ ခူးသူမျှော်တယ်
ပန်းမြတ်ကံ့ကော် သင်း..။

လတန်ခူးရဲ့ သင်္ကေတ
မြင်လေသမျှ အလှယဉ်ဆင့်
အစဉ်မပျက် ပွင့်ရှာကြတယ်
ပန်း ငုဝါ လည်း လင်း..။

မိဿ     ငယ်နှင့် ယှဉ်
စိတြမှာ ဘုရင်ဖြစ်တဲ့လ
ကောင်းကင်တခွင် ကြယ်ရောင်ပန်းတွေနှင့်
နက္ခတ်သဘင်လည်း ခင်း။

သည်လမြတ် သည်လ မွန်
အဆွေတော် အဖော်တသင်းနှင့်
ရေတော်ပွဲ တူယှဉ် ကျင်းပ
အပြိုင်အဆိုင် လှ အဆင်း။

 ရွှမ်းသိင်္ဃ (တနင်္သာရီ)
(၁၆-၄-၂၀၁၄)
(သင်္ကြန်အမှတ်တရ)







0 comments:

Post a Comment