RSS

Wednesday 13 April 2011

မြူးကြွစိတ်ထိန်း တရားနှင့် မှိန်းတော့မယ့် သင်္ကြန်



အစဉ်အလာမပျက်ပါဘူး
သြော်..ရင်မှာ နှစ်သစ်..
ခေတ်အဆက်ဆက် အသစ်သစ်ထွန်း
စာကဗျာတွေလည်း မပျက်မကွက်ညွန်းလာမိ
ဘ၀င်မှာမချိနိုင်ဘူး
ရင်လွှာမှာ တွယ်ငြိ
မင်္ဂလာရှိပါတဲ့ အို ချစ်သောနှစ်သစ်ငယ်..။
အပြစ်မပြောရက်လေတော့
တစ်နှစ်မှာ တစ်ရက်ပွင့်
တရက်ပဲတင့်ခွင့်ရတဲ့ ပိတောက် တခက်နှယ်
တယောက် တသက်ချစ်မယ်စိတ်ကူး
သိပ်မြူးလို့ သိပ်ရူးခဲ့ရတဲ့ ဖြစ်ခဲ့ဖူးတော့
(ဒီနှစ်တော့ကွယ်) စိတ်ကူးနှင့် မြူးရမယ့် သင်္ကြန်ရယ်
ထူးပလို့ ရူးမထနိုင်တော့လည်း
မြူးကြွလာစိတ်မဟာကို ထိန်း
ရိပ်သာမှာ တရားနှင့်မှိန်းရအောင်ရည်
သိမ်းယာမကာ ပုလင်းကို ခွဲ
မိန်းမငယ် အတင်းဆွဲရင်တောင်
လှည့်ပြင်ယောင် မကြည်တော့ဘု
ရည်သန်စိတ် ပြင်းရယ်နှင့်
ဒီသင်္ကြန်တော့ကွယ်..အတင်း ရုန်းပြီး
ဘုန်းကြီးပဲ ၀တ်တော့မည်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၁၁-သင်္ကြန်အကြိုရက် အမှတ်တရ)

0 comments:

Post a Comment